နေပြည်တော်ကောင်စီနယ်မြေမှာ ရေကြီးရေလျှံမှုတွေကြောင့် မိုးသီးနှံဧက ၄၇၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး ဧက ၃၉၀၀ ကျော်သီးနှံပျက်စီးခဲ့တယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကနေသိရပါတယ်၊၊
နေပြည်တော်ကောင်စီနယ်မြေမှာ စုစုပေါင်း မိုးသီးနှံဧက ၃၄၅၀၀၀ စိုက်ပျိုးခဲ့ပြီး ဧက ၄၇၀၀၀ ကျော်ရေကြီးနစ်မြုပ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဧက ၂၈၀၀၀ ပြန်ပေါ်ခဲ့ပြီး ထိခိုက်မှုရှိခဲ့တဲ့ ဧက ၁၇၀၀၀ ကျော်မှာ ဧက ၃၉၀၀ ကျော်ကသီးနှံပျက်စီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီရေကြီးမှုတွေကြောင့် ပျက်စီးခဲ့တဲ့စိုက်ပျိုးမြေတွေကို ရာသီချိန်အမီပြန်လည်စိုက်ပျိုးနိုင်ရေးနဲ့ ထိခိုက်ခဲ့တဲ့သီးနှံစိုက်ခင်းတွေကိုအထွက်နှုန်းနဲ့သီးနှံအရည်အသွေးထိခိုက်မှုသက်သာစေရေး၊ ရေကြီးရေလွှမ်းပြီးနောက် သီးနှံစိုက်ခင်းတွေကိုကျရောက်တတ်တဲ့သီးနှံပိုးမွှားရောဂါတွေကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာနဲ့အကူအညီတွေပံ့ပိုးပေးနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်၊၊
ဒါ့အပြင် တောင်သူတွေအနေနဲ့ ဆီထွက်နေကြာသီးနှံကို လျာထားဧကအတိုင်း တွဲဖက်စိုက်ပျိုးဖို့လိုအပ်ပြီး နေကြာသီးနှံ အစေ့အဆန်အောင်မြင်စေဖို့ ဝတ်မှုန်ကူးပျားမွေးမြူခြင်းအတွက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက စီမံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကစက်တင် ဘာ ၁၅ ရက်က ပုဗ္ဗသီရိနဲ့ဇေယျာသီရိမြို့နယ်တွေက တောင်သူတွေနဲ့တွေ့ဆုံရာမှာပြောကြားခဲ့ပါတယ်။