တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း မူအန်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရတဲ့အတွက် များစွာဝမ်းနည်းမိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ပြောပါတယ်။

ရင်းနှီးတဲ့ မဟာမိတ်တွေအနေနဲ့ အမေရိကန်ပြည်သူတွေဟာ တောင်ကိုရီးယား ပြည်သူတွေနဲ့ နက်ရှိုင်းတဲ့ ချစ်ကြည် ရင်းနှီးမှုတွေရှိနေတာကြောင့် အခုလို အဖြစ်ဆိုးကြုံတွေ့ရမှုအတွက် များစွာဝမ်းနည်းကြေကွဲရတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။
ဒါ့အပြင် တောင်ကိုရီယား လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုမှာ လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့အတွက် အမေရိကန်ဘက်က အဆင်သင့်ရှိနေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
လက်ရှိမှာ လေယာဉ်မတော်တဆပျက်ကျမှုနဲ့ ပတ်သက်ပြီး အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေကို ကူညီဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လေယဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရာမှာ တောင်ကိုရီယားကို အကူအညီပေးဖို့ Boeing လေယာဉ်ကုမ္ပဏီနဲ့အမေရိကန်ပြည်ထောင်စုလေကြောင်းထိမ်းသိမ်းရေးဌာနအပါအဝင် အမေရိကန် စုံစမ်းရေးအဖွဲ့ကို ဦးစီးဦးဆောင်ပြုထားတယ်လို့လည်း အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့ကပြောကြားထားပါတယ်။