ထိုင်းဆန်စပါးပို့ကုန်တွေကို ဘတ် ၂ ဘီလီယံကျော်အထိ တိုးမြှင့်ဖို့ရည်ရွယ်ထားတဲ့ ထိုင်းဆန်စပါး ညီလာခံကို ဒီလ နောက်ဆုံးသီတင်းပတ်အတွင်းမှာ လက်ခံကျင်းပဖို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။ဈေးကွက်ဗျုဟာတွေကိုဖော်ဆောင်ဖို့နဲ့ထိုင်းဆန်စပါးပို့ကုန်တွေကို တိုးမြှင့်ပြီး ကမ္ဘာ့ဆန်ဈေးကွက် ဖွံ့ဖြိုးတိုးတက် မှုကို စောင့်ကြည့်ဖို့ နိုင်ငံခြားကုန်သွယ်ရေးဌာနကို ထိုင်းကုန်သွယ်ရေးဝန်ကြီးက ညွှန်ကြားထားပါတယ်။

အဲဒီညီလာခံကို ဘန်ကောက်ကရစ်ဇ်ကာလ်တန်ဟိုတယ်မှာ မေလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပဖို့ စီစဉ် ထားပြီး နိုင်ငံအသီးသီးက ထင်ရှားတဲ့ဆန်ဝယ်သူတွေ၊ သွင်းကုန်လုပ်ငန်းရှင်တွေ၊တောင်အမေရိက၊အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက သွင်းကုန်လုပ်ငန်းရှင်အသစ်တွေနဲ့ထိုင်း လယ်သမားတွေကိုလည်း လက်ခံကြိုဆိုမှာ ဖြစ်ပါတယ်။ဒီညီလာခံက ကမ္ဘာ့ဆန်ထုတ်လုပ်ရေး ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေတွေနဲ့ အနာဂတ် အလား အလာတွေကို တက်ရောက်သူတွေက ဖလှယ်ဖို့ လမ်းဖွင့်ထားပေးပြီး အခွင့်အရေးရအောင် ချိတ်ဆက်ပေးမှာ ဖြစ်တယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။