ကမ္ဘာထက် ၂ ဆကြီးမားတဲ့ ဂြိုလ်တုကြီးကို NASAက ရှာဖွေတွေ့ရှိခဲ့တယ်လို့ The Verge သတင်းမှာ ရေးသားထားပါတယ်။

55 Cancri-eလို့ သိပ္ပံနာမည်ပေးထားတဲ့ ဒီဂြိုလ်ကြီးကို ၂၀၀၄ ခုနှစ်က ရှာတွေ့ခဲ့တာလို့ဆိုပြီး အဲဒီလိုရှာတွေ့ခဲ့ကြောင်းကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ တရားဝင်သတင်းထုတ်ပြန်လာတာပါ။
ဒီဂြိုလ်တုကြီးဟာ ကမ္ဘာထက် နှစ်ဆကြီးသလို အလေးချိန်က ရှစ်ဆပိုလေးတယ်လို့ သိရပါတယ်။

55 Cancri-e ဂြိုလ်တုကြီးက သိပ္ပံပညာရှင်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာစရာတစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် 55 Cancrie ရဲ့ လေထုဖွဲ့စည်းမှုနဲ့ မျက်နှာပြင်အခြေအနေတွေကို Hubble Space Telescope၊ Spitzer Space Telescopeနဲ့ James Webb Space Telescopeကြီးတွေနဲ့ လေ့လာခဲ့ကြတာဖြစ်ပါတယ်။
55 Cancri-eက ကမ္ဘာထက် သိသိသာသာကြီးမားတဲ့ ကျောက်ဆောင်ဂြိုလ်တစ်ခုဖြစ်ပြီး နီပကျွန်းထက်သေးငယ်တဲ့ ဂြိုလ်တစ်ခုဖြစ်ပါတယ်။

ဒီဂြိုလ်ဟာ အလွန်ပူပြင်းပြီးတော့ တစ်ဖက်မှာ အမြဲနေ့ဘက်ဖြစ်နေပြီး အခြားတစ်ဖက်မှာ အမြဲညဘက်ဖြစ်နေတဲ့ အခြေအနေမှာရှိပါတယ်။
ဒါကြောင့် နေ့ဘက်အပူချိန်ဟာ ၂၇၀၀ ကယ်လ်ဗင် (၂၄၃၀ ဒီဂရီစင်တီဂရိတ်) အထိရှိပြီး ညဘက်မှာ ၁၃၈၀ ကယ်လ်ဗင် (၁၁၁၀ ဒီဂရီစင်တီဂရိတ်) ခန့်ရှိပါတယ်။