လတ်တလော တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ဖြစ်ပွားနေတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ဆရာတော် သံဃာတော်တွေနဲ့ သီလရှင်တွေရဲ့ လှူဒါန်းမှုတွေ ပိုမိုများပြားလာပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က ရေဘေးသင့်ပြည်သူတွေအတွက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်အသျှင်ကုမာရ၊ ရွှေတံခါး ဆရာတော် အရှင်တေဇနိယ၊ သဘာဝတရားရိပ်သာ ဆရာတော် အရှင် ဥတ္တမသာရ၊ တောင်ပုလဆရာတော် အရှင် ပညာဘောဂ၊ ဂျလန်းကျွန်းဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသီရိ၊ ပန်းမြိုင်လည်

ဆရာတော် အရှင်နာဂသေန၊ မတ္တရာဆရာတော် ဘဒ္ဒန္တတေဇောဘာသ၊ နွားဦးတိုက်ဆရာတော် အရှင်ဉာဏာလင်္ကာရ၊ အောင်မြေကြယ်တစ်ပွင့် ဆရာတော်အရှင်ယသသီရိ အစရှိတဲ့ ဆရာတော်တွေ အပါအဝင် ဆရာတော်သံဃာတော်တွေနဲ့ သီလရှင် အများ အပြားက အလှူငွေတွေ၊ အဝတ်အထည်တွေ၊ ဆေးဝါးတွေနဲ့ စားသောက်ကုန် အစရှိတာတွေကို လှူဒါန်းခဲ့ကြ တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ပရဟိတအဖွဲ့တွေ၊ လူမူကူညီရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိရေဘေးကြုံတွေ့နေရသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ သံဃာတော်တွေနဲ့သီလရှင်တွေ၊ ပရဟိတ အဖွဲ့တွေနဲ့လူမူရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ရဲ့လှူဒါန်းမှုတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ဒုတိယပတ်အတွင်းက အာရှဒေသ မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် အရှဒေသတချို့အပြင် မြန်မာနိုင်ငံမှာလည်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။