Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေတွေ ရောင်းဝယ်တာနဲ့ လိုင်စင်ရှိသူတွေအနေနဲ့လည်း သတ်မှတ်ဈေး နှုန်းနဲ့ ရောင်းချတာမရှိရင် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က အသိပေး ကြေညာထားပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပကို ထွက်ခွာရာမှာ နိုင်ငံတကာငွေပေးချေမှုကတ်တွေအပြင် အသေးသုံး နိုင်ငံ ခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ဖို့နဲ့ တရားမဝင် ငွေလဲ လှယ်နေသူတွေက ဈေးကစားတာကို ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဒါမှမဟုတ် AD လိုင်စင်ရဘဏ်တွေရဲ့ Money Changer ကောင်တာတွေမှာ နိုင်ငံခြားငွေတွေ ရောင်းချပေးနေ တယ်လို့ ဆိုပါတယ်။
အသေးသုံးငွေသားနဲ့ မလုံလောက်ရင် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ လိုအပ်တဲ့ နိုင်ငံခြားငွေကို နိုင်ငံ တကာ ငွေပေးချေမှုကတ်တွေနဲ့လည်း သုံးစွဲနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေတွေ ရောင်းဝယ်နေ တာကို စစ်ဆေးတွေ့ရှိတာနဲ့ Money Changer လိုင်စင်ရှိသူတွေအနေနဲ့ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချတာမပြုရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။