ရုရှားနိုင်ငံ ဆာမာရာမြို့ကို ခရီးစဉ်ရောက်ရှိနေတဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မတ်လ ၈ ရက်၊ ဒေသစံတော်ချိန် နေ့လယ်ပိုင်းက ဆာမာရာ မြိုပြင်အပန်းဖြေစခန်းကို သွားရောက်လေ့လာပါတယ်။အဲဒီ လေ့လာရေး ခရီးစဉ်မှာ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ဆာမာရာဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Emelianenko Anton Andreevich ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲတို့ ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ဆာမာရာဒေသရဲ့ စီးပွားရေးဆိုင်ရာ အလားအလာတွေ၊ ရင်းနှီးမြှုပ်နှံမှု အလားအလာတွေ၊ သိပ္ပံနှင့် ပညာရေးဆိုင်ရာအလားအလာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ဆာမာရာဒေသ တာဝန်ရှိသူတွေက လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။