ထိုင်းနိုင်ငံဟာ အခုနှစ်နွေရာသီမှာ အာရှနိုင်ငံတွေအကြား ဥရောပကမ္ဘာလှည့်ခရီးသွားတွေ လာရောက် လည်ပတ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ VN Expresss သတင်းမှာ ဖော်ပြပါရှိပါတယ်။ ဥရောပခရီးသွားတွေအကြား အွန်လိုင်းပေါ်မှာ ရှာဖွေမှုအခံရဆုံးနိုင်ငံဟာ ထိုင်းနိုင်ငံဖြစ်ပြီး တရုတ်ခရီးသွား ဈေးကွက်ကတော့ ဆက်လက်ကျဆင်းနေတယ်လို့ အဂိုရာအွန်လိုင်း ခရီးသွားဝန်ဆောင်မှု ပလက်ဖောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံကိုလာရောက်တဲ့ ဥရောပခရီးသွားအရေအတွက်က သိသိသာသာ တိုးလာနေပြီး ဇန်နဝါရီကနေ ဧပြီ လအတွင်း ဥရောပခရီးသွား ၃ သန်းခွဲ ဝင်ရောက်ခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၁၈ ရာခိုင်နှုန်းကျော် တိုးလာ တယ်လို့ ဆိုပါတယ်။ လီဆာ ရိုက်ကူးထားတဲ့ White Lotus Season 3 ဇာတ်လမ်းတွဲအောင်မြင်မှုကြောင့် ထိုင်းနိုင်ငံကို ခရီးသွားတွေ စိတ်ဝင်စားမှု မြင့်တက်လာတာ ဖြစ်ပါတယ်။