ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ၁၂ မိုင်မှာရှိတဲ့ သျှရီး သျှရီး သျှရီး ဂျဂ္ဂနယ် ဟိန္ဒူဘုရား ကျောင်းမှာ ဂူန္ဒီကြာ ရသ် ယာတြာပွဲတော် ကျင်းပနေတယ်လို့ အဲဒီဘုရားကျောင်းရဲ့ အတွင်းရေးမှူး ဦးလှထွန်းက ပြောပါတယ်၊၊အဲဒီပွဲတော်ကို ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်လ ၅ ရက်အထိ ၉ ရက်တိုင်တိုင် ကျင်းပနေတာဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေ အများအပြား လာရောက်ကြတယ်လို့ ဆိုပါတယ်၊၊

ဘုရားပွဲတော်ကာလအတွင်းမှာ အလှူရှင်တွေက နေ့စဉ် သားသတ်လွတ် ထမင်းနဲ့ဟင်းလျာတွေ ဧည့်ခံကျွေးမွေး တာ၊ ရေသန့်၊ အချိုရည် အခမဲ့လှူဒါန်းတာတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်၊၊အဲဒီဟိန္ဒူဘုရားကျောင်းဟာ နှစ်ပေါင်းတစ်ရာကျော် ရှိပြီဖြစ်ပြီး ဘုရားပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ် ကျင်းပနေတာဖြစ်ကာ ဘုရားပွဲရဲ့ နောက်ဆုံးရက်မှာတော့ လှည့်လည်ပူဇော်ခံမှာဖြစ်တယ်လို့ သိရပါတယ်၊၊