ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေအားလုံး ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြီး CCTV တွေ တပ်ဆင်ဖို့ ညွှန်ကြားထားတယ်လို့ YRTCတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က YRTC သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
YBS ယာဉ်တွေအားလုံး CCTV တပ်ဖို့ ညွှန်ကြားထားတာဟာ နှစ်နဲ့ချီကြာမြင့်နေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ယာဉ်အစီးရေ ၁၇၀၀ လောက်မှာ တပ်ဖို့ကျန်နေသေးတယ်လို့ ဆိုပါတယ်။
သတ်မှတ်ကာလအတွင်း YBS ယာဉ်တွေမှာ CCTV မတပ်ထားဘူးဆိုရင် ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။ ဒါ့အပြင် YBS ယာဉ်တွေမှာ ခါးပိုက်နှိုက်မှုဖြစ်စဉ်လျော့နည်းစေဖို့ အတွက် ခါးပိုက်နှိုက်သတိပေးတဲ့ စတေကာတွေ လည်း တပ်ဆင်ခိုင်းထားတယ်လို့ သိရပါတယ်။