၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိခဲ့တဲ့ YBS ယာဉ်မောင်းအယောက်၂၀ ဟာ ဧပြီ ၂၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံကို လေ့လာရေးခရီးစဉ် ထွက်ခွာသွားပြီဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကာက်မြို့၊ Bangkok Mass Transit Authority (BMTA) ရဲ့ ဖိတ်ကြားချက်အရ YRTC ကော်မတီ ဝင်(၁)ဦးခင်မောင်ထွေး ဦးဆောင်ပြီး အုပ်ချုပ်သူ ၄ ယောက်၊ ယာဉ်လိုင်းကုမ္ပဏီတွေက တာဝန်ရှိသူ ၂၂ ယောက်နဲ့ ၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုတွေရရှိထားတဲ့ YBS ယာဉ်မောင်း အယောက် ၂၀ တို့ဟာ ဧပြီ ၂၂ ရက် ကနေ ၂၆ ရက်အထိ လေ့လာရေးခရီး သွားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း BMTA ရဲ့ Bus Line ပြေးဆွဲမှု အခြေအနေတွေ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေနဲ့ ကောင်း မွန်တဲ့ ခရီးသည်သယ်ယူပို့ဆောင်ရေးကဏ္ဍတွေကို လေ့လာသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွင်းယာဉ်လိုင်း ပြေးဆွဲမှု အခြေအနေတွေနဲ့ ဂိတ်ရင်း/ဂိတ်ဖျားတွေ၊ မြို့တွင်း EV လျှပ်စစ် ဘတ်စကားပြေးဆွဲမှု အခြေအနေတွေ၊ EV လျှပ်စစ် ဘတ်စကားထုတ်လုပ်တဲ့ စက်ရုံတွေ၊ Intelligent Transport System (ITS) စနစ် ဆောင်ရွက်မှု အခြေအနေတွေကိုလည်း လေ့လာသွားမှာဖြစ်တယ်လို့ သိရပါတယ်။