ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြိုနယ်မှာ YBS ယာဉ်လိုင်းတွေပေါ် အုပ်စုဖွဲပြီး ခါးပိုက်နှိက်မှု ကျူးလွန်သူ ငါးယောက်ကို ဖမ်းမိခဲ့တယ်လို နစက သတင်းထုတ်ပြန်ရေးအဖွဲက မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းမိတဲ့ ခါးပိုက်နှိက် ငါးယောက်ဟာ မေ ၁၉ ရက် မနက်ပိုင်းက ကျောက်တံတားမြိုနယ်အတွင်း YBS (58) ယာဉ်ပေါ်မှာ ခရီးသည် ဦးစောလယ်ထူးကျော်ရဲ့ ကျောပိုးအိတ်အတွင်းက ဖုန်းကို ခါးပိုက်နှိက်နေ စဉ် ဦးစောလယ်ထူးကျော်က သိရှိသွားတဲ့အတွက် အချင်းများပြီးနောက် လက်သီးနဲ့ ထိုးကြိတ်ခဲ့ ကြကြောင်း၊ အဲဒီနောက် ဦးစောလယ်ထူးကျော်ရဲ့ သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူးကိုလည်း ပန်းဆိုးတန်းကားမှတ်တိုင်အရာက် ကားပေါ်ကနေ ဆွဲချပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ခါးပိုက်နှိက်ယူရာမှာရရှိခဲ့တဲ့ Redmi ဖုန်းကိုအောင်မိုး ခေါ် လှမြိုင် ခေါ် တည်ကြီးက ယူဆောင်သွား ကြောင်း ဖော်ထုတ်သိရတယ်လို ဆိုပါတယ်။အဲဒီနောက်ဖမ်းဆီးဖိုကျန်တဲ့ အောင်မိုး (ခေါ်) လှမြိုင် (ခေါ်) တည်ကြီးကို အမြန်ဆုံး ဖမ်းမိရမိနိုင်ဖိုနဲ့ သက်သေခံပစ္စည်း ပြန်လည်သိမ်းဆည်းနိုင်ဖိုအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို သိရပါတယ်။

အခုဖမ်းမိတဲ့ ခါးပိုက်နှိက်တွေဟာ ကြည့်မြင်တိုင်မြိုနယ်၊ ဦးမြရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ပြီး အရင် ခါးပိုက်နှိက်မှုဖြင့် ပြစ်ချက်ဟောင်း ရှိသူတွေ ဖြစ်တယ်လိုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့အပြင် အခု ဖမ်းမိသူတွေဟာ အများပြည်သူ သွားလာအသုံးပြုနေတဲ့ YBS မြိုတွင်းလိုင်း ယာဉ်တွေပေါ်မှာ အုပ်စုဖွဲ ပြီး ခါးပိုက်နှိက်မှု ကျူးလွန်သူတွေ ဖြစ်ကာ သူတို ကျူးလွန်ခဲ့တဲ့ အမှုတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေပြီး ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူနိုင်ရေး နဲ့ ဖမ်းဆီးဖို ကျန်တဲ့တစ်ယောက်ကိုလည်း အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်လို ထုတ်ပြန်ထားပါတယ်။