ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇/ ၂ ဖာလုံနဲ့ ၃ ဖာလုံကြားမှာ သြဂုတ် ၂၉ ရက်၊ မနက်ပိုင်းက ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ခုနစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းကသိရပါတယ်။
အဲဒီဖြစ်စဉ်ကတော့ ခရီးသည်တင်ယာဉ်က မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ Toyota Belta အိမ်စီးကားကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးလေးယောက် နဲ့ Toyota Belta ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသားတစ်ယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းကသိရပါတယ်။
အခင်းဖြစ်စဉ်မှာ ဒဏ်ရာရရှိသူတွေကိုတော့ မြို့ချောင်းတိုက်နယ်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။