ရန်ကုန် – နေပြည်တာ်အမြန်လမ်း၊ ၁၆၅မိုင်မှာရှိတဲ့ တံတားတစ်စင်းပျက်စီးမှုကို အမြန်ဆုံးပြုပြင်နိုင်ခဲ့ပြီး မေလ၃၁ရက် မနက်အစောပိုင်းကစလို မော်တော်ယာဥ်တွေကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့တယ်လို သိရပါတယ်။

အဲဒီတံတားရဲ့ အောက်ခံသံပြားတွေပျက်စီးနေတာကို တွေ့ရှိပြီးနောက် မေလ၃၀ရက် ညပိုင်းကစလို လမ်းခေတ္တပိတ်ပြီး ပြင်ဆင်မှုတွေချက်ချင်းပြုလုပ်ခဲ့တာပါ။လမ်းခေတ္တပိတ်ထားပြီးပြင်ဆင်မှုကြောင့် ကားအစီးရေ ရာနဲ့ချီပြီးပိတ်မိခဲ့တယ်လိုလည်း ခရီးသွားပြည်သူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။မေလ ၃၁ရက် မနက် ၁နာရီခန့်မှာတော့ အသွားအပြန် ယာဉ်တစ်စီးချင်းအလိုက် ပြန်လွှတ်ပေးနိုင်ခဲ့တယ်လိုလည်း ဆိုပါတယ်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမြန်လမ်းမကြီးကတချိုနေရာတွေနဲ့ လမ်းမကြီးပေါ်ကတံတားတွေလည်းထိခိုက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။အဲဒီအတွက်စစ်ဆေးမှုတွေလည်းဆက်တိုက်ပြုလုပ်နေပြီး ပြင်ဆင်မှုအများစုကိုလည်း ဆောင်ရွက်ပြီးဖြစ်တယ်လိုသိရပါတယ်။