ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ မတ်လ ၁၆ရက် တစ်ရက်တည်းမှာပဲ ယာဉ်တိုက်မှု ၃ကြိမ်ဖြစ်ပွား ခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်၊၊မတ်လ ၁၆ရက် တစ်ရက်တည်းမှာ ယာဉ်မတော်တဆမှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေကြောင့် လူ ၃ယောက် သေဆုံးကာ၊ လူ ၁၃ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်၊၊

အဲ့ဒီဖြစ်စဉ်တွေထဲမှာ ပရဟိတယာဥ်က ခွေးကိုတိမ်းရှောင်ရာကနေ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူ(၃) ယောက်သေဆုံးခဲ့တဲ့ အမြန်လမ်း(၉၇)မိုင်အနီးကဖြစ်စဉ်အပါအဝင် ယာဉ်တိုက်မှု(၃)ကြိမ်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် မတ်လ၁၅ရက်၊ ညနေပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်က ရွှေစာရံ ဘုရားပွဲကိုလာရောက်တဲ့ အိမ်စီးကားတစ်စီး ရွှေစာရံမြစ်ကူးတံတားအနီးမှာ လမ်းဘေးကိုထိုးကျတိမ်းမှောက်မှုဖြစ် ပွားပြီး ကလေးငယ်၂ယောက်အပါအဝင် ၆ယောက်သေဆုံးသွားခဲ့သေးတယ်လို့လည်းသိရပါတယ်။