ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၇အနီးမှာ ဇွန်လ၁၅ရက်၊ မနက်၅နာရီဝန်းကျင်က ကုန်တင်ကား၂စီးတိုက်မိပြီး ယာဉ်မောင်း၁ယောက် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ဖြစ်စဉ်ကတော့ အမြန်လမ်းပေါ်မှာ ၆ဘီးကုန်တင်ယာဉ်တစ်စီးကို နောက်ထပ်၆ဘီးယာဉ် Boxကားက အနောက်ကနေ ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဖြစ်စဉ်ကို ပလွေးအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ယာဉ်တိုက်မှုကြောင့် ၆ဘီး Boxကားယာဉ်မောင်းသေဆုံးသွားပြီး နောက်ထပ်အမျိုးသားတစ်ယောက်လည်း ဒဏ်ရာရသွားတာကြောင့် သေဆုံးသူရုပ်အလောင်းနဲ့ ဒဏ်ရာရသူကို နေပြည်တော် ကုတင်၁၀၀၀ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- MFSD