သင်္ကြန်ကာလအတွင်း ရန်ကုန်မြိုမှာ နေ့စဉ် YBS ယာဉ်အစီးရေ တစ်ထောင်ကျော် ပြေးဆွဲပေးသွားမယ်လို YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က One News ကို ပြောပါတယ်။ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ ယာဉ်လိုင်း(၆၅)လိုင်းက ယာဉ်အစီးရေ (၁၂၆၉)စီး၊ ဧပြီ ၁၄ ရက် သင်္ကြန်အကျ နေ့မှာ ယာဉ်လိုင်း (၆၂)လိုင်းက ယာဉ်အစီးရေ (၁၁၉၂)စီး၊ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ ယာဉ်လိုင်း (၆၂) လိုင်းက ယာဉ်အစီးရေ (၁၁၈၇)စီးနဲ့ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့မှာတော့ ယာဉ်လိုင်း (၆၂)လိုင်းက ယာဉ် အစီးရေ (၁၁၈၇)စီး ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို ဆိုပါတယ်။

သင်္ကြန်ကာလအတွင်း YBS ယာဉ်တွေအနေနဲ့ ယာဉ်စီးခနှုန်းထားတွေ ပိုမကောက်ဖို၊ ပုံမှန်အချိန်အတိုင်း ပြေးဆွဲပေးဖို၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအတိုင်း မောင်းနှင်ဖိုနဲ့ မူးယစ်သောက်စားပြီး မမောင်းဖို ညွှန် ကြားထားပြီး ဖြစ်တယ်လို ဦးလျန်ကျင့်မန်က ပြောပါတယ်။ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာတော့ YBS ယာဉ်လိုင်းတွေအားလုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမှာ ဖြစ်ပြီး အဲဒီနေ့မှာတော့ YBS (၆၃)က ယာဉ်စီးရေ (၁၀) စီးလောက်ဟာ ယာဉ်စီးခအခမဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို ဆိုပါတယ်။ဒါ့အပြင် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်း (၆)လိုင်းနဲ့ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ အဝေးပြေးယာဉ်လိုင်း (၇)လိုင်းတိုကလည်း သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ပြေးဆွဲသွား မှာဖြစ်ပြီး ဧပြီ ၂၃ ရက်မှာတော့ အဝေးပြေး ယာဉ်လိုင်းပေါင်း(၃၃၁)လိုင်းက ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်တယ်လို သိရပါတယ်။