ရန်ကုန်မြို့နဲ့ သန်လျင်မြို့တိုကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ပဲခူးမြစ်ကူးတံတား တစ်စင်းဖြစ်တဲ့ သန်လျင်တံတားအမှတ်(၃)ပေါ်မှာ ကုန်စည်ပို့ဆောင်တဲ့ယာဉ်တွေနဲ့ ခရီးသွားယာဉ်တွေရဲ့ ဖြတ်သန်းခကို QR Code စနစ်နဲ့ဝန်ဆောင်ပေးနေတယ်လို့ လမ်းဦးစီးဌာနကနေ သိရပါတယ်၊၊

အဲ့ဒီတံတားရဲ့ အသုံးပြုခကောက်ခံရာမှာ Cash Collection System နဲ့အပြင် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ QR Code Systemနဲ့ပါ ဝန်ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်၊၊QR Code စနစ်နဲ့ဝန်ဆောင်ပေးနေတာဟာ မြန်မာနိုင်ငံမှာ စတင်အသုံးပြူတာဖြစ်တယ်လိုဆိုပါတယ်။အဲ့ဒီစနစ်အောင်မြင်ပါက ငွေတိုက်ရိုက်ပေးချေမှု ဖြတ်သန်းရတဲ့ ဝန်ဆောင်မှုထက် AI နည်းပညာကိုအခြေခံထားတဲ့QR Code စနစ်ကို အသုံးပြုထားတဲ့ စနစ်ဟာ တိုးလ်ဂိတ်ရဲ့ ဝန်ဆောင်မှုစရိတ်တွေကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်၊၊

QR Code စနစ်ဟာ တံတားပေါ်ရှိ တိုးလ်ဂိတ်ကို ဝင်လာတဲ့ ယာဉ်တွေရဲ့နံပါတ်ကို ANPR မှဖတ်ယူထားပြီး ယာဉ်မောင်းက မိမိဖုန်းမှာထည့်ထားတဲ့ MyanGo Toll Application ကို အသုံးပြုပြီး တိုးလ်ဂိတ်မှာ တပ်ဆင်ထားတဲ့ Display Board ပေါ်ရှိ QR Code ကို Scan ဖတ်ပြီး မိမိနှစ်သက်ရာ Mobile Pay တို့ကနေတစ်ဆင့် ငွေပေးချေပြီးပါက မောင်းတံအလိုလိုပွင့်ပြီး ထွက်ခွာနိုင်တဲ့နည်းစနစ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်၊