ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းမှာ ဇူလိုင် ၃၁ ရက် ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားချောက်ထဲထိုးကျခဲ့ တာကြောင့် အမျိုးသားနှစ်ယောက် သေဆုံးခဲ့ကာ အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်၊၊

ဇူလိုင် ၃၁ ရက် ည ၇ နာရီ ၅၈ မိနစ်အချိန်လောက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင် ၁၆ နဲ့ ၁၇ ကြားမှာ (၂၂)ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တိုယိုတာဟိုက်အေ့စ် ယာဉ်ကို နောက်ကနေ ဝင်ရောက်တိုက်မိခဲ့ပြီး လမ်းရဲ့ ညာဘက်ခြမ်းက ချောက်ထဲကို ထိုးကျခဲ့တယ်လို့ ဆိုပါ တယ်၊၊ အဲဒီလို ချောက်ထဲထိုးကျခဲ့တာကြောင့် ၂၂ ဘီးယာဉ်ပေါ်မှာပါတဲ့ အမျိုးသားနှစ်ယောက် သေဆုံးခဲ့ပြီး ဟိုက်အေ့စ် ယာဉ်ပေါ်က အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းနဲ့ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင် တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပြီး သေဆုံးရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိ သူတွေကို သန္တိသုခလူမှုကူညီရေးအသင်းနဲ့ စံပြမေတ္တာလူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်တွေနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးနဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊