ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇူလိုင် ၂၃ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး သောင်ရင်းမြစ်ရေ တက်လာ တာကြောင့် ရေဘေးသင့် လူနေအိမ်တွေက လူ ၁၂၀၀ ကျော်ကို ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေဆီ ကူညီရွှေ့ပြောင်းထားတယ်လို့ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။

မြဝတီခရိုင်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ဖို့ရှိပြီး လက်ရှိအချိန်ထိ ယာယီရေ ဘေးကယ် ဆယ်ရေးစခန်းတွေဖြစ်တဲ့ ကြခတ္တော ဘုန်းကြီးကျောင်း၊ တောရ ဘုန်းကြီးကျောင်း၊ ကိုးနဝင်း ဘုန်းကြီးကျောင်း၊ ဓိဋ္ဌာန်အောင် ဟေမန်ဦးဘုန်းကြီးကျောင်း၊ ရေပူတောင်ပေါ်ကျောင်း စတဲ့ နေရာတွေမှာ အမှတ် ၃၊ ၄၊ ၅ ရပ်ကွက် တွေက ရေးဘေးသင့်ပြည်သူ ၁၂၄၀ ယောက် ရွှေ့ပြောင်းရောက်ရှိနေတယ်လို့ ဆိုပါတယ်။ရေဘေးသင့်ပြည်သူတွေကို ကနဦး အနေနဲ့ ၃ ရက်စာ ရိက္ခာပစ္စည်းတွေ ကူညီထောက်ပံ့ပေးထားတယ်လို့ မြဝတီ ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်က ပြောပါတယ်။

လတ်တလော သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတဲ့အတွက် မြန်မာ-ထိုင်း အမှတ်(၁) ချစ် ကြည်ရေးတံတားကို ယာယီပိတ်ထားပြီး အနိမ့်ပိုင်း ရပ်ကွက်တွေက စာသင်ကျောင်း ၄ ကျောင်းမှာ ရေ(၃)ပေ လောက်ထိ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။မြဝတီမြို့ပေါ် ချောင်း၊ တံတားအနီးက ရပ်ကွက်တွေမှာ ရေဝင်ရောက်မှု များပြီး တချို့အိမ်တွေဆို အိမ်အလုံးလိုက် မြုပ်တာ၊ ခေါင်မိုးအထိ ရေတက်တာတွေရှိသလို ကားလမ်းတွေလည်း ပိတ်ဆို့မှုတွေ ရှိနေတယ်လို့ မြဝတီမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၄ ရက်၊ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သောင် ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေမှတ်ထက် ၉ ပေခွဲ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၃ ပေလောက် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။