အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေရှိနေတာကြောင့် မြန်မာလုပ်သားခေါ်ယူရာမှာ စိစစ်ကြဖို့ စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာန က ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံ အနေနဲ့ လုပ်ငန်းပိုင်းမှာ ခံနိုင်ရည်ရှိမှု နဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ နိုင်ငံတွေက အလုပ်သမားတွေကို ဦးစားပေးခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။စင်ကာပူနိုင်ငံဟာ စည်းကမ်းပိုင်းထိန်းသိမ်းတဲ့နေရာမှာ စနစ်တကျရှိပြီး စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ အချို့ကတော့ စည်းကမ်းမဲ့ နေထိုင်ပြောဆို၊ ပြုမှုတာတွေ ရှိနေတယ်လို့ စင်ကာပူနိုင်မှာ လက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်က ပြောပါတယ်။
အလုပ်သမား စေလွှတ်မယ့် နိုင်ငံတွေက ပြည်တွင်းအခြေအနေတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ခရီးသွားလာရေး အခက် အခဲတွေကို အလုပ်ရှင်တွေထံ ကြိုတင်အသိပေးပြီး အလုပ်ရှင်တွေအနေနဲ့ အကူအညီပေးဖို့ အလုပ်အကိုင် အေဂျင် စီတွေကလည်း အကြံပြုထားပါတယ်။