ဟနွိုင်းနဲ့ဟိုချီမင်းမြို့တွေမှာ ၂၀၃၅ ခုနှစ် နောက်ဆုံးထားပြီး ဒီဇယ်ယာဉ်တွေကို အဆင့်ဆင့်ဖယ်ရှားသွားဖို့ ရည်ရွယ်ချက်နဲ့ ဟောင်းနွမ်းနေတဲ့ ဘတ်စကားတွေကို လျှပ်စစ်ယာဉ်တွေနဲ့ အစားထိုးကာ အများပြည်သူ သုံးသယ်ယူပို့ဆောင်ရေးစနစ်တွေကို တဖြည်းဖြည်းပြောင်းလဲနေကြတယ်လို့ VNExpress International သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်ကုန်ခါနီးမှာ ပထမဆုံးလျှပ်စစ်ဘတ်စကားလမ်းကြောင်းကို မိတ်ဆက်ခဲ့ပြီးနောက် ဟနွိုင်းမြို့က လျှပ်စစ်အားနဲ့မောင်းနှင်တဲ့ ယာဉ် ၂၃၆ စီး အသုံးပြုပြီး အဓိကလမ်းကြောင်း ၁၅ ခုကို လျှပ်စစ်သုံးစနစ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။လက်ရှိ ဟိုချီမင်းမြို့မှာ လျှပ်စစ်ဘတ်စကား ၁၆၃ စီးက မြို့နယ်တွင်းလမ်းကြောင်းတွေမှာ ပြေးဆွဲနေပြီ ဖြစ်ပါ တယ်။ ဓာတ်ဆီနဲ့ဒီဇယ်ဘတ်စကားလမ်းကြောင်းတွေကို လျှပ်စစ်စနစ်ပြောင်းလဲဖို့ အားပေးကူညီပြီး ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားကာ ယာဉ်အုပ်စုအားလုံးကို ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကင်းစင်တဲ့ အစိမ်းရောင်စွမ်းအင်စနစ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်။

လျှပ်စစ်ယာဉ်တွေ အစားထိုးအသုံးပြုတာကြောင့် ဝန်ဆောင်မှုအရည်အသွေး တိုးတက်လာတာ၊ ငွေပေးချေမှုစနစ် အဆင်ပြေလာတွေတွေကို ပြည်သူတွေက နှစ်ခြိုက်သဘောကျနေကြတယ်လို့ သိရပါတယ်။လျှပ်စစ်ဘတ်စကားလမ်းကြောင်းတွေ ထိရောက်စွာ လည်ပတ်နိုင်ဖို့အတွက် ဟနွိုင်းပြည်သူ့ကော်မတီ ဒုဥက္ကဋ္ဌက လျှပ်စစ်ယာဉ်ပိုင်းမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ ပြောင်းလဲခြင်းအဆင့်တိုင်းမှာ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ဖို့ မူဝါဒတွေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို ပြည့်စုံအောင် စီမံဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။