ပြည်ပနိုင်ငံအသီးသီးနဲ့ ဆိပ်ကမ်းအသီးသီးရဲ့သင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကိုပြန်လာဖို အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာသင်္ဘောသားတွေကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲချုပ် (MSF) က ကူညီပေးသွားမယ်လို သိရပါတယ်။သင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရတဲ့ သင်္ဘောသားတွေရဲ့ မိသားစုတွေအနေနဲ့ ဘယ်နိုင်ငံ ဘယ်ဆိပ်ကမ်းမှာ ထိန်းသိမ်းခံထားရပြီး မိခင်မြန်မာနိုင်ငံကိုပြန် လာဖို အခက်အခဲ ကြုံတွေ့နေရတာ ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတာ စတာတွေကြောင့် ပြန်လာဖိုအခက်အခဲရှိနေတာတွေကို အကြောင်းကြားဖို (MSF) က အသိပေးထားပါတယ်။

လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရတဲ့ သင်္ဘောသားမျိုးမရှိသေးပေမယ့် ထိခိုက်ဒဏ်ရာကြောင့် ပြန်လာဖိုအခက်အခဲကြုံတွေ့နေရတဲ့ မြန်မာသင်္ဘောတွေကိုသာ ကူညီပေးနေရတယ်လို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲချုပ် (MSF) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဟုတ်စွမ်က ပြောပါတယ်။အဲဒီလို မြန်မာနိုင်ငံကို ပြန်လာဖို အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာသင်္ဘောသား မိသားစုတွေအနေနဲ့ သင်္ဘောသားအမည် ၊ CDC နံပါတ် ၊ Passport နံပါတ် ၊ သင်္ဘောအချက်အလက်တွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံကိုယ်စားလှယ်အမည် နဲ့ ရုံးလိပ်စာ ၊ နိုင်ငံခြားမှာရှိတဲ့ သင်္ဘောပိုင်ရှင်အမည် နဲ့ ရုံးလိပ်စာ တွေကို MSF ကို တင်ပြရမှာဖြစ်ပါတယ်။

အဲဒီအပြင် အထိန်းသိမ်းခံရတဲ့အကြောင်းအရင်း နဲ့ နေရာ ၊ ဒီလိုထိန်းသိမ်းခံရတဲ့အပေါ် ဒေသခံကိုယ်စား လှယ် ကဆောင်ရွက်ထားတာရှိမရှိ ၊ ရှိခဲ့ရင်လည်း ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတဲ့အချက်အလက် တွေကို အထောက်အထားနဲ့တကွတင်ပြရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ တရားဝင်သင်္ဘောသားအဖြစ် မှတ်ပုံတင်ထားသူက ၁ သိန်းကျော်သာရှိပြီး ၅ သောင်းလောက်ကသာ သင်္ဘောပေါ်အတက်အဆင်းလုပ်နေကြပါတယ်။