ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ မတ် ၁၈ ရက် မနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အဲဒီဖြစ်စဉ်အတွင်း အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရ ပါတယ်၊၊

အခင်းဖြစ်စဉ်ကတော့ ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ၊ ဝမ်းဘဲအင်း ကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ပေါ် မှာ မတ် ၁၈ ရက်၊ မနက် ၉ နာရီလောက်အချိန်က ဆီဘောက်ဆာယာဉ်နဲ့ လိုက်ထရပ်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။အခင်းဖြစ်ပွားရာနေရာကို သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်မှာလိုက်ပါတဲ့ အမျိုးသား နှစ်ယောက် သေဆုံးပြီး အမျိုးသမီး ခြောက်ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သိရပါတယ်။ယာဉ်တိုက်မှုမှာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဘုရားကြီး လူငယ် လူမှုကယ် ဆယ်ရေး အသင်းယာဉ်နဲ့ ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင် ပေးခဲ့သလို စိုးရိမ်ရတဲ့ လူနာ တစ်ယောက်ကတော့ ရန်ကုန်မှာ လွှဲပြောင်းကုသမှု ခံယူနေတယ်လို့ သိရပါတယ်။