ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပန်းဆိုးတန်း-ဒလ ပြေးဆွဲပေးနေတဲ့ ချယ်ရီသင်္ဘောတွေဟာ စက်တင်ဘာ ၁ ရက်ကစတင်ပြီး သင်္ဘောစီးနင်းခတွေကိုတိုးမြှင့်ကောက်ခံနေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကနေသိရပါတယ်၊၊
ပန်းဆိုးတန်း-ဒလ သင်္ဘောစီးနင်းခစျေးနှုန်းဟာ အရင်က ၂၀၀ ကျပ်ဖြစ်ပြီး လက်ရှိမှာ ၃၀၀ ကျပ်ကောက်ခံတာဖြစ်တယ်လို့ ဆိုပါတယ်၊၊ အဲဒီအပြင် ယာဉ်အမျိုးအစားအလိုက် နှုန်းထားတွေကိုလည်းတိုးမြှင့်ကောက်ခံနေပြီး စက်ဘီးတစ်စီးကိုအရင်က ၁၀၀ ကျပ်ကနေ လက်ရှိမှာ ၂၀၀ ကျပ်၊ ကုန်(၁)တန်ကို အရင်ကတစ်ထောင်ကျပ်ကနေ အခုနှစ်ထောင်ကျပ် ကောက်ခံနေတာဖြစ်ပြီး စျေးနှုန်းနှစ်ဆလောက် မြင့်တက်သွားတယ်လို့သိရပါတယ်၊၊
ပန်းဆိုးတန်း-ဒလ ပြေးဆွဲပေးနေတဲ့ ချယ်ရီသင်္ဘောတွေဟာ နေ့စဥ်မနက် ၅ နာရီကနေ ည ၆ နာရီခွဲအထိ နေ့စဉ်သင်္ဘောခေါက်ရေ ၄၆ ခေါက် ပြေးဆွဲပေးနေတယ်လို့သိရပါတယ်၊၊