မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပိုမိုမြှင့်တင်ရေးကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ ဆွေးနွေးခဲ့ကြပါတယ်၊၊

မတ်လ ၁၀ရက် မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မစ္စတာ တိန့်ရှီးကျွင်းudk လက်ခံတွေ့ဆုံဆွေးနွေးရာမှာ အခုလို ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။ အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေးအတွက် ရှေ့ရှုကာ နှစ်ဖက်အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊အဲဒီအပြင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ဖို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေ၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေကို ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊

ဒါအပြင် နယ်စပ်ဒေသမှာ တိုးမြင့်လာတဲ့ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုကွန်ရက်တွေကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနဲ့ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်တွေအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊၊