ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ထိုင်းအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသန၊ တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန (MHESI)တို့ပူးပေါင်းပြီး ကျောင်းသားဗီဇာနဲ့ တရားမဝင် အလုပ်လုပ်နေသူတွေကို ထိရောက်စွာ အရေးယူတော့ မှာဖြစ်တယ်လို့ The Nation Thailand သတင်းမှာ ရေးသားဖော်ပြထားပါတယ်။တရုတ် အင်ဂျင်နီယာတွေဟာ ကျောင်းသားဗီဇာကို အသုံးပြုပြီး ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တရားမဝင် အလုပ်လုပ်နေကြတာကို စစ်ဆေးတွေ့ရှိထားတာပါ။

အလုပ်ပါမစ် စည်းမျဉ်းတွေကို ကျော်လွှားဖို့ နိုင်ငံခြားသား အလုပ်သမားတွေဟာ ကျောင်းသားဗီဇာကို အသုံးပြုနေကြတယ်လို့ တိုင်ကြားမှုတွေလည်း ရှိထားတာ ဖြစ်ပါတယ်။CSI LA နဲ့ “Ru Tan Jeen” တို့လို အွန်လိုင်း ပလက်ဖောင်းတွေဟာ Lamphun လို ပြည်နယ်တွေမှာ ကျောင်းသား ဗီဇာတစ်ခုကို ဘတ် ၁၀,၀၀၀ နဲ့ အသစ်ပြုလုပ်ပေးနေတယ်လို့ သတင်းရထားပြီး တချို့သတင်းတွေအရ တက္ကသိုလ်တွေနဲ့ အစိုးရဌာနတွေကလည်း ဒီလိုလုပ်ပေးနေကြတယ်လို့ ဆိုပါတယ်။ MHESI ရဲ့ ဝန်ကြီးကလည်း Lamphun Buddhist ကောလိပ်နဲ့ တရုတ် ရင်းနှီးမြှုပ်နှံထားတဲ့ ပုဂ္ဂလိက တက္ကသိုလ် ၃ ခုအနေနဲ့ တရုတ် ကျောင်းသားအားလုံးရဲ့ ကျောင်းအပ်တာ၊ နေထိုင်ခွင့်သက်တမ်းနဲ့ ဗီဇာ အမျိုးအစား စတဲ့ သတင်းအချက်အလက် အသေးစိတ်ကို ပေးအပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။