ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောဘူတာရှိ ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ခေါင်းမီးရထားနဲ့ ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီရေနွေးငွေ့စက်ခေါင်းသုံး မီးရထား ဟာ ရှေးဟောင်းမီးရထားဖြစ်ပြီး အတွင်းပိုင်း သန့်ရှင်းတာတွေနဲ့ မီးရထားအမြင်တင့်တယ်စေဖို့ ဆေးပြန်လည် သုတ်တာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မိုင်(၇၀)ခန့်ရှိတဲ့ ကလော-ရွှေညောင်ကို ပြေးဆွဲရာမှာ အချိန် (၃)နာရီကြာမြင့်မှာဖြစ်ပြီး အသွားအပြန် ကျောက်မီး သွေးတန်ချိန်(၃)တန်ခွဲ ကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ရထားပြန်လည်ပြေးဆွဲဖို့အတွက် ကလောချောင်း ရေထိန်းနံရံတွေ တည်ဆောက်တာ၊ ဘူတာ ရှေ့ရှိ သစ်ပင်ငုတ်တွေ ဖယ်ရှားတာ၊ ဘူတာရှေ့နေရာမှာ ကတ္တရာလမ်းခင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီမီးရထားရှိတဲ့ ကလောဘူတာရုံဟာ နှစ်ပေါင်းတစ်ရာခန့်ရှိပြီးဖြစ်ပြီး ဘူတာရုံအတွင်းမှာ သမိုင်းဝင်ဓာတ်ပုံတွေ ပြသထားတယ်လို့ သိရပါတယ်။