ကိုရီးယားမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန် ပေးဆောင်ရာမှာ သံရုံးက ငွေသားနဲ့ လက်ခံနေရာကနေ မေလ ၁၂ ရက်ကစပြီး သံရုံးရဲ့ ဘဏ်ငွေစာရင်းကို တိုက်ရိုက်ပေးသွင်းတဲ့ နည်းလမ်းနဲ့ ပြောင်းလဲဆောင်ရွက်မယ်လို ဆိုးလ်မြိုရှိ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ကိုရီးယားနိုင်ငံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ထက်နောက်မကျဘဲ ရောက်ရှိသူတွေက တစ်လကို ကိုရီးယား ဝမ် ၃၂,၀၀၀ နှုန်းနဲ့ ၁၈ လစာအတွက် ကိုရီးယား ဝမ် ၅၇၆,၀၀၀ နဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက် ထက်နောက်မကျဘဲ ရောက်ရှိသူတွေကတော့ တစ်လကို ကိုရီးယားဝမ် ၃၂,၀၀၀ နှုန်းနဲ့ ၁၂ လစာ အတွက် ကိုရီးယား ဝမ် ၃၈၄,၀၀၀ ထမ်းဆောင်ရမယ်လို သိရပါတယ်။အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိသူတွေက တစ်လကို ကိုရီးယားဝမ် ၃၂,၀၀၀ နှုန်းနဲ့ ၆ လစာအတွက် ကိုရီးယားဝမ် ၁၉၂,၀၀၀ ထမ်းဆောင်ရမှာပါ။ အဲဒီလို ဝင်ငွေခွန်ထမ်းဆောင်ဖိုအတွက် သံရုံးရဲ့ဘဏ်စာရင်းကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ ဖြစ်စေ ကြိုတင်ပေးသွင်းရမှာ ဖြစ်ပါတယ်။

ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာဝင်ငွေအပေါ် နည်း ရာ အခွန်ပမာဏနဲ့ တွက်ချက်ထားတဲ့ အခွန်ပမာဏကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင် ပေးဆောင်နေရတာ ဖြစ်ပါတယ်။ဒါကြောင့် ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေထဲက နိုင်ငံကူးလက်မှတ် PJ ၊ PB ၊ PS ကိုင်ဆောင် ထားသူတွေက ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါ ဝင်ငွေခွန်ကို တစ်ပါတည်း ပေးဆောင်နေကြတာ ဖြစ်ပါတယ်။