မော်လမြိုင်-ရန်ကုန် အစုန်ရထားခရီးစဉ်တွေကို မေလ ၁၀ ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမှာ ဖြစ် တယ်လို့ မော်လမြိုင်ဘူတာကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊ အဲဒီလိုပေးဆွဲပေးရာမှာ မော်လမြိုင်ဘူတာ ကြီးကနေ ထွက်ခွာမယ့် အမှတ်(၈၂)အစုန် ရထားကို လေအိပ်ရထားတွဲဆိုင်းနဲ့ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း နှင်းပုလဲဘူတာနဲ့တောင်စွန်းဘူတာအနီးရှိ တံတားဟာ မေလ ၆ ရက်က မိုင်းခွဲခံရတာကြောင့် ပြေးဆွဲပေးနေတဲ့ ရထားခရီးစဉ်(၂)ခုကို ယာယီဖျက်သိမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ်၊၊လက်ရှိမှာတော့ နှင်းပုလဲဘူတာနဲ့တောင်စွန်းဘူတာအနီး ရထားလမ်းတံတား ပြင်ဆင်ဆောင်ရွက်တာတွေကို အပြီးသတ်ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊ပြန်လည်ပြေးဆွဲပေးသွားမယ့် ရထားခရီးစဉ်အတွက် အထက်တန်းရက်ကြို လက်မှတ်တွေကို မော်လမြိုင်ဘူတာ ကြီး ရက်ကြိုလက်မှတ်ရုံမှာ မေလ ၈ ရက် မနက် ၇ နာရီကနေ ညနေ ၃ နာရီအထိ ရောင်းချပေးသွားမှာဖြစ်ပြီး ရိုးရိုးတန်း ရက်ကြို လက်မှတ်တွေကိုတော့ မေလ ၉ ရက်မှာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊