ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ မတ်လ ၂၀ ရက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အဲဒီဖြစ်စဉ် ကြောင့် အမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်၊၊ဖြစ်စဉ်မှာ မတ်လ ၂၀ ရက် ညနေ ၆ နာရီခွဲအချိန်လောက်က ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်) ရွာ နတ်စင်ကွေ့ရှိ မိုင်တိုင်အမှတ်(၄၀၄)အနီးမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

အခင်းဖြစ်နေရာကို ကျိုင်းတုံခရိုင်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပါတယ်၊၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၄ ယောက်အနက် ၁ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ သေဆုံးသူရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို နှလုံးလှ လူမှုကူညီရေးအသင်းနဲ့ တိုင်းနေလူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။