မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)အနေနဲ့ ၄ နှစ်တာကာလအတွင်း လာရောက်တိုင်တန်းအကူအညီတောင်းခံလာတဲ့ မြန်မာသင်္ဘောသားအလုပ်သမားတွေ၊ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၁၆၀ လောက်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ MSF ဥက္ကဋ္ဌ ဦးစိုးမင်းအောင် ကပြောပါတယ်။
ကာယကံရှင်သင်္ဘောသားတွေအနေနဲ့ မိမိတို့ရဲ့နစ်နာကြေးတွေ၊ အသက်အာမခံနဲ့ ဆိုင်တာတွေရရှိစေဖို့ ဆောင်ရွက်ရာမှာ စာရွက်စာတမ်းပြည့်စုံအောင် မပြနိုင်တာတွေနဲ့ မိသားစုဝင်တွေကို အသိမပေးတာတွေနဲ့ လမ်းကြောင်းမမှန်တာတွေကလည်း နစ်နာကြေးတွေထုတ်ပေးဖို့ဆောင်ရွက်ရာမှာ အခက်တွေ့စေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် MSF မှာ ၂၀၂၀ ပြည့်နှစ်ကနေ လက်ရှိအချိန် အထိ လာရောက်တိုင်တန်းတဲ့သင်္ဘောသားအမှုပေါင်း ၂၀၀ ကျော်ရှိပြီး ဖြေရှင်းပေးဖို့ကျန်ရှိတဲ့အမှုကတော့ ၄၀ လောက်ရှိနေသေးတယ်လို့ သိရပါတယ်။