မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့အတွက် ဝင်ရောက် ဖူးမြော်ခွင့်ယာယီပိတ်ထားခဲ့ရာမှ မေလ(၁၉)ရက်နေ့ကစပြီး ဥပုသ်နေ့တိုင်း ဝင်ရောက် ဖူးမြော်ခွင့်ပြုထားတယ်လို့ မဟာမုနိဂေါပကအဖွဲ့မှသိရပါတယ်။ရဟန်းရှင်လူ ပြည်သူတွေအနေနဲ့ မနက်(၈)နာရီကနေ့ ညနေ(၄)နာရီအချိန်ထိ ဘုရားကြီးရဲ့ အရှေ့စောင်းတန်း အလယ်ကနေ အတွင်းတော်ထိ ဝင်ရောက်ဖူးမြော်နိုင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ အပျက်အစီးတွေ ရှင်းလင်းဆောင်ရွက်တာ၊ ကြံ့ခိုင်မှုစစ်ဆေးတာတွေနဲ့ မွမ်းမံပြင် ဆင်တာတွေကို ဆောင်ရွက်ခဲ့ရပြီး နှစ်ဆန်း(၁)ရက်နေ့ကစကာ ရုပ်ရှင်တော်မြတ်ကြီးကို အနီးကပ် ဖူးမြော်နိုင်ဖို့ ဗုဒ္ဓဝင်ပြခန်းအနီးမှာ LED Board ကနေ့ တိုက်ရိုက်ပြသကာ ဖူးမြော်ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ ငလျင်ဒဏ်ကြောင့် သာသနိကအဆောက်အအုံတွေ ပျက်စီးမှုတွေကို ပြင်ဆင် မွမ်းမံမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက်လည်း အလှူခံဌာနဖွင့်လှစ်ထားပြီး ပါဝင်ကုသိုလ်ပြု လှူဒါန်နိုင်တယ်လို့ မဟာမုနိဂေါပကအဖွဲ့မှသိရပါတယ်။