ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက အင်းလေးဖောင်တော်ဦးဘုရား ပြန်လည်ပြုပြင်တာတွေကို ပွဲတော် မကျင်းပမီ ပြုပြင်ပြီးစီးနိုင်ရေး ဆောင်ရွက် နေကြတယ်လို့ အင်းလေးဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။

ငလျင်ဒဏ်ကြောင်း အင်းလေးဖောင်တော်ဦးဘုရားမှာ ဘုရား စံကျောင်းတော်၊ စံကျောင်း ရင်ပြင်တော်၊ ကရဝိက် ဖောင်တော်၊ ဖောင်တော်အဆောင်နဲ့ လှေကားတွေ ထိခိုက်ပျက်စီးခဲ့တာပါ။ပြန်လည်ပြုပြင်တာကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဘုရားပွဲတော် မကျင်းပမီ အမြန် ပြီးစီးအောင် ဆောင်ရွက် နေတယ်လို့ အင်းလေးဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။ အခုနှစ် ဖောင်တော်ဦးဘုရားပွဲကို စက်တင်ဘာလမှာ ကျင်းပဖို့ ရည်ရွယ်ထားပြီး ပြုပြင်ဆောင်ရွက်တာတွေကို တော့ လာမယ့် ဩဂုတ်လအတွင်း ပြီးစီးအောင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖောင်တော်ဦးဘုရားအပေါ် တက်ရောက်ဖူးမြော်ခွင့်ကို လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် ယာယီပိတ်ထားပြီး လာရောက်တဲ့ ဘုရာဖူးဧည်သည်တွေကို CCTV ကနေတစ်ဆင့်သာ ဖူးမြော်ခွင့် ရရှိအောင် ဆောင်ရွက်ပေးထားတယ်လို့ အင်းလေးဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ကနေ သိရပါတယ်။