မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ သစ်ပင်စိုက်ပျိုးနိုင်ဖို့အတွက် One Tourist One Tree အစီအစဉ်ကို ခရီးစဉ်ဒေသ ၆ ခုမှာ လာမယ့် ဇူလိုင်လကစတင်ကာ နိုဝင်ဘာလအထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အဲဒီ အစီအစဉ်ကို ခရီးစဉ်ဒေသတွေဖြစ်တဲ့ နေပြည်တော်၊ ပုဂံ၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်နဲ့ ချောင်းသာတွေမှာ စတင်ဆောင်ရွက်သွားဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
One Tourist One Tree အစီအစဉ်ကို ဆောင်ရွက်တာဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ အနေနဲ့ တာဝန်သိ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နဲ့ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်လာဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ တိုးပွားလာဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့လည်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အဖွဲ့လိုက် လာရောက်တာ၊ တစ်ယောက် တည်းလာရောက်တာ၊ ခရီးသွားကုမ္ပဏီတွေနဲ့ လာရောက်တာတွေ ရှိနေပြီး ခရီးသွားတွေ လာရောက်တဲ့ နေရာမှာ သစ်ပင်တွေ စိုက်ပျိုးနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေသလို ခရီးသွားကုမ္ပဏီတွေလည်း စီစဉ်ပေးဖို့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။

