အခုနှစ် ဇန်နဝါရီလကနေ မေလအထိ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကာလ တူထက် ခရီးသွား (၁၇၀၀၀)ကျော် ပိုမိုဝင်ရောက်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

၂၀၂၄ ခုနှစ်မှာ ငါးလတာအတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ သိန်း ၂ ထောင်လောက် ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာဆိုရင် နိုင်ငံခြား ခရီးသွားဧည့်သည် ၁ သိန်း ၁ သောင်း ၈ ထောင်ကျော် ဝင်ရောက်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။မြန်မာနိုင်ငံကို ဝင်ရောက်ကြတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကတော့ စီးပွားရေးဗီဇာနဲ့ လာရောက်တာ များတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

နိုင်ငံခြားခရီးသွားဧည့်သည်တွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဝင်ရောက်ခဲ့ကြတာပါ။ လာရောက်ကြသူ အများစုက တရုတ်၊ ထိုင်း၊ ကိုးရီယား၊ ဂျပန်၊ ဗီယက်နမ်နဲ့ အမေရိကန်နိုင်ငံတွေက ဖြစ်ပြီး ရန်ကုန်၊ပဲခူး၊ကျိုက်ထီးရိုး၊ မော်လမြိုင်၊ နေပြည်တော် ၊ပုဂံ၊ ကလော၊ ပင်းတယ၊ အင်းလေး စတဲ့ ဒေသတွေကို သွားရောက်ကြတာများတယ်လို့ သိရပါတယ်။