နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ထမ်းမိသားစုတွေ နေထိုင်မဲ့ Modular House တွေ တည်ဆောက်နေရာ ပြီးစီးတဲ့ Modular Hous တွေမှာ အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မှာကြား ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မေလ(၁၈)ရက်က Modular House တည်ဆောက်နေမှုနဲ့ ပြီးစီးမှုအခြေနေတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ရာမှာ မှာကြားခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် တည်ဆောက်နေတဲ့ Modular House တွေ နေရာချထားမှုနဲ့ အဝီစိတွင်း တူးဖော်နေမှု၊ ရေ၊ မီး၊ မိလ္လာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရေ နဲ့ လူနဲ့ယာဉ်တွေ ဝင်လမ်း၊ထွက်လမ်း အဆင်ပြေစေရေးနဲ့ တည်ဆောက်ရေး ဝန်ထမ်းအဖွဲတွေ ဘေးအန္တရာယ်ထိခိုက်မှု မဖြစ်စေရေးတိုကို မှာကြားခဲ့တယ်လို ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ကြီးဌာနအောက်ရှိ ဌာနာပိုင်မြေနေရာတွေမှာ ဝန်ထမ်းမိသားစုတွေ နေထိုင်မဲ့ Modular House တွေကို တည်းဆောက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပိုဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက နေပြည်တော် ကောင်စီနယ်မြေအတွက် Modular office (၆)လုံး၊ Modular House (၁၅၆)လုံးကို လက်ခံရရှိ ထားတာပါ။အဲဒီထဲမှာ Modular office (၄)လုံးနဲ့ Modular House (၃၄)လုံး တပ်ဆင်တည်ဆောက်ပြီးစီးကာ ကျန်ရှိနေ တာတွေကို အမြန်ဆုံးပြီးစီးအောင် တပ်ဆင်တည်ဆောက်နေတယ်လို သိရပါတယ်။