ရှမ်းပြည်နယ်အတွင်းမှာ ခရီးစဉ်ဒေသအသစ်တွေ ပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီး ခရီးစဉ်အသစ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွန်းကြားရေးဦးစီးဌာနကနေ သိရပါတယ်၊၊
အဲဒီလိုခရီးစဉ်အသစ်တွေဖော်ဆောင်နေတဲ့အပြင် ခရီးသွားတွေလာရောက်မှုများတဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလောမြို့ကို သန့်ရှင်းသာယာလှပတဲ့ ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ရည်ရွက်ပြီး ကလောမြို့ ခရီးသွား လုပ်ငန်း ပင်မစီမံကိန်း ၂၀၂၂-၂၀၂၅ ကို ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်၊၊
အဲဒီစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး မဟာဗျူဟာစီမံကိန်းထဲမှာ ကလောမြို့ကို သန့်ရှင်းသာယာလှပစေရေး၊ ပန်းခြံအဆင့်မြင့်တင်ရေး၊ ကလောမြို့ အဝင်အထွက်ဆိုင်းဘုတ် အဆင့်မြင့်တင်ရေး၊ ကလောမြို့ပတ်ဝန်းကျင်အနီးမှာရှိတဲ့ လည်ပတ်စရာနေရာတွေမှာ လိုအပ်တဲ့အဆောက်အအုံတွေ ဆောက်လုပ် တာတွေနဲ့ view ပွိုင့်တွေ ဆောက်လုပ်တာတွေ စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်၊၊
အခု ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်မှာ ကလောမြို့ကို လာရောက်လည်ပတ်ရင် Application ကနေတစ်ဆင့် ကြည့်ရှုပြီး ကလောမြို့အနီးပတ်ဝန်းကျင်မှာရှိတဲ့ လည်ပတ်စရာနေရာတွေကို သွားရောက်လည်ပတ်နိုင်စေဖို့ စီမံကိန်းတွေ ရေးဆွဲသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်၊၊