မကြာမီ သီတင်းကျွတ်ပွဲတော်ကာလရောက်တော့မှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားလာမှုအခြေအနေကတော့ မနှစ်ကထက်ခရီးသွားလာမှုလျော့နည်းနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကပြောပါတယ်။
သီတင်းကျွတ်ပွဲတော်ကာလအတွင်း ပုဂံ၊ ချောင်းသာနဲ့ ငွေဆောင်တို့မှာ ခရီးသွားလာမှုအများဆုံးရှိနေပြီး ပုဂံကဟိုတယ်နဲ့တည်းခိုရိပ်သာတွေမှာတော့ ကြိုတင်မှာယူမှုပြည့်လုနီးပါးဖြစ်နေပြီလို့ဆိုပါတယ်။
အခုနှစ် သီတင်းကျွတ်ကာလ ခရီးသွားလာမှုကတော့ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ လျော့နည်းနေတယ်လို့ ဦးနောင်းနောင်းဟန်ကပြောပါတယ်။
ပုဂံဒေသမှာတော့ ဟိုတယ်နဲ့တည်းခိုရိပ်သာ စုစုပေါင်း ၁၅၃ လုံးရှိပြီး အခုလက်ရှိမှာတော့ ၈၄ လုံး ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။