မန္တလေးတိုင်းဒေသကြီးမှ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေနဲ့ (၁၇)ကြိမ်မြောက်ပန်းပွဲတော်ကို ၂၀၂၄ ဒီဇင်ဘာလ ၁၄ ရက်ကနေ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်အထိ ရက် ၃၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အခုနှစ် ပန်းပွဲတော်ဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့မတူဘဲ တစ်မူထူးခြားစွာ ကျင်းပသွားမှာဖြစ်သလို အဲဒီပန်းပွဲတော်မှာ အခြားစိတ်ဝင်စားစရာ အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲအစီအစဉ်အသေးစိတ်ကိုတော့ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့ Facebook Page ကနေ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။