တပေါင်းလ ရုံးပိတ်ရက်ရှည်ကာလအတွင်းမှာ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ခရီးသွားပြည်သူတွေ ခရီးသွားလာမှုအဆင်ပြေဖို့အတွက် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားခရီစဥ်ကို ရိုးရိုးAARတွဲဆိုင်းနဲ့ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးကနေသိရပါတယ်၊၊အထူးရထား ပြေးဆွဲပေးမယ့်အစီအစဉ်ကတော့ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားဟာ မတ်လ ၁၁ရက်နေ့မှာ မော်လမြိုင်ဘူတာကြီးကနေ မနက် ၉ နာရီ ၁၀ မိနစ်အချိန် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးကို ညနေ ၅ နာရီ ၅၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်၊၊

ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားကလည်း မတ်လ ၁၂ရက်နေ့မှာ ရန်ကုန်ဘူတာကြီးကနေ မနက် ၉နာရီ ၁၅ မိနစ်အချိန်မှာ ထွက်ခွာပြီး မော်လမြိုင်ဘူတာကို ညနေ ၆ နာရီမှာဆိုက်ရောက်မှာဖြစ်ပါတယ်။အလားတူ မတ်လ(၁၅) ရက်မှာ မော်လမြိုင်ဘူတာကနေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်ထွက်ခွာမယ့် အစုန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကို ညနေ ၅ နာရီ ၅၅မိနစ်အချိန်မှာဆိုက်ရောက်မှာဖြစ်ပြီး မတ်လ(၁၆)ရက်မှာ ရန်ကုန်ဘူတာကြီးကနေ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ ထွက်ခွာမယ့် အဆန်အထူး ရထားဟာ မော်လမြိုင်ဘူတာကို ညနေ ၆နာရီမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်၊၊

ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားဟာ လမ်းဘူတာတွေအနေနဲ့ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူးနဲ့ တိုးကြောင်ကလေး ဘူတာတွေမှာ ရပ်တန့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊ပိတ်ရက်ရှည်ကာလမှာ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားတွေအပြင် နေ့စဉ်ပြေးဆွဲနေတဲ့ အမှတ်(၈၁)အဆန်/(၈၂)အစုန် ရန်ကုန်-မော်လမြိုင်ရထားကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ရထားလက်မှတ်တွေကို အထက်တန်း ၃ရက်နဲ့ ရိုးရိုးတန်း ၁ ရက် ကြိုတင်ပြီး သက်ဆိုင်ရာဘူတာတွေမှာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။