ရန်ကုန်-မြဝတီခရီးစဉ်ကိုပြေးဆွဲနေတဲ့ယာဉ်လိုင်းအချို့ဟာခရီးသည်အချို့ကို ယာဉ်စီးခတွေ ပိုပြီးကောက်ခံနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။၊ နိုင်ငံသားမှတ်ပုံတင်အမှတ်(၁၃)မျဉ်းစောင်းကို ကိုင်ဆောင်ထားတဲ့ သူတွေကို ယာဉ်စီးခ ပိုမိုကောက်ခံနေတာလို့ ဆိုပါတယ်။
ရန်ကုန်-မြ၀တီကိုပြေးဆွဲနေတဲ့ကားခက ပုံမှန်ဈေးအနေနဲ့ ကျပ်တစ်သိန်းခွဲရှိပေမယ့် နိုင်ငံသားမှတ်ပုံတင် (၁၃) မျဉ်းစောင်း ကိုင်ဆောင်ထားတဲ့သူတွေက ငွေကျပ်လေးသိန်းခွဲကနေ ခုနစ်သိန်းအထိ ဈေးနှုန်းတွေရှိတယ်လို့ မြဝတီကို ပြေးဆွဲနေတဲ့ယာဉ်လိုင်းအချို့က ပြောပါတယ်။တချို့ကားတွေမှာဆိုရင် (၁၃)မျဉ်းစောင်းကိုင်ဆောင်ထားတဲ့ ခရီးသည်ကို လိုက်ပါခွင့် မပြုဘူးလို့ဆိုပါတယ်။
YRTC က တာဝန်ရှိသူတစ်ယောက်ကတော့ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ဘယ်သူ့ကိုမဆို ကားလက်မှတ်ဈေးနှုန်းတွေကို သတ်မှတ်ဈေးနှုန်းတွေအတိုင်း တစ်ပြေးညီ ရောင်းချပေးဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။အခုလို ရန်ကုန်-မြဝတီကား လက်မှတ်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အဆင်မပြေမှုတွေ ကြုံတွေ့ နေရတယ်လို့ ခရီးသည်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။