ရန်ကုန်မြို့မှာ မန္တလေးငလျင်ကြီး လိုအင်အားပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ငလျင်ကော်မတီနာယက ဒေါ်လှလှအောင်က သုံးသပ်ပြောဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် စစ်ကိုင်းပြတ်ရွေ့ဟာ ကချင်ပြည်နယ်ကစပြီး အင်းတော်ကြီး၊ အင်းတော်လေး၊ ပဲခူးငလျင်ကြောကနေ ကပ္ပလီပင်လယ်ပြင်အထိ ရှည်လျားပြီး ကီလိုမီတာ(၁၂၀၀)ရှိတာပါ။ အဲဒီ အရှည်အတိုင်းအတာအတွင်းမှာ ရန်ကုန်မြို့ မပါဝင်ဘဲ ရန်ကုန်မြို့နဲ့ဆက်စပ်တဲ့ ပြတ်ရွေ့တွေက အတိုတွေပဲ ရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့် ရန်ကုန်မြို့မှာ မန္တလေးငလျင်ကြီးလို ဆုံးရှူံးမှုကြီးမားတဲ့ ငလျင်မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံငလျင်ကော် မတီနာယက ဒေါ်လှလှအောင်က အခုလို သုံးသပ်ပြောကြားပါတယ်။ မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးအပြီး နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုဟာ မေလ(၁၂)ရက် အထိ အကြိမ်ရေ(၁၇၀)အထိ ရှိပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။