ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် YBS ယာဉ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလို က်နာမှုမရှိဘဲ ယာဉ်အကူထားရှိတာတွေကြောင့် ၆ လအတွင်း အရေးယူခဲ့ရတဲ့ အမှုပေါင်း ၇၀ နီးပါးရှိတယ်လို့ YRTC နဲ့ သတင်းမီဒီယာတွေ တွေ့ဆုံပွဲကနေ သိရပါတယ်။ အဲဒီသတင်းမီဒီယာတွေ့ဆုံပွဲကိုတော့ ဇူလိုင်လ ၂ ရက် ညနေပိုင်းက YRTC အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ယာဉ်အကူထားလို့ အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အခုလို ပြောပါတယ်။ ။ (ရုပ်သံ-၁)
ယာဉ်အကူ မထားရှိပေမယ့်လည်း အမျိုးသမီးတွေက ထိုင်ခုံမှာထိုင်ပြီး ယာဉ်စီးခကောက်ခံတာမျိုးတွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
ယာဉ်အကူတင်တာကြောင့် ယာဉ်စီးခပိုမိုကောက်ခံလို့ ခရီးသည်တွေနဲ့ မကြာခဏ ပြဿနာဖြစ်တာတွေရှိပြီး မဆင်မခြင် အပြိုင်အဆိုင် ကျော်တက်မောင်းနှင်တာတွေရှိလာတဲ့အတွက် ထိထိရောက်ရောက် အရေးယူတာမျိုး တွေလည်း ပြုလုပ်ခဲ့တယ်လို့ ဦးလျန်ကျင့်မန်က အခုလို ဆက်ပြောပါတယ်။

ယာဉ်မောင်းတွေကို အရေးယူတဲ့အပြင် ကြီးကြပ်မှုအားနည်းတဲ့ ကုမ္ပဏီက ယာဉ်တာဝန်ရှိသူတွေကိုလည်း ခံဝန် ကတိ ရေးထိုးခိုင်းတာမျိုးတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
YBS ကို စီးနေကြတဲ့ခရီးသွားပြည်သူတွေအနေနဲ့လည်း ယာဉ်စီးခကို သတ်မှတ်နှုန်းထားအတိုင်း မထည့်တာတွေ၊ စုတ်ပြဲနေတဲ့ ငွေအကြွေ ထည့်တာမျိုးတွေကလည်း ယာဉ်ကုမ္ပဏီတွေကို ထိခိုက်စေတာကြောင့် သတ်မှတ် နှုန်းထားအတိုင်း မှန်မှန်ကန်ကန် ပေးချေစီးနင်းကြဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်း ၁၃၁ လိုင်းက ယာဉ်အစီးရေ ၃၈၅၀ ကျော်နဲ့နေ့စဉ် ခရီးသွား ပြည်သူ ၁ ဒသမ ၆ သန်းခန့်ကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။