မလေးရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တင်ဆောင် လာတဲ့ လေယာဉ်တွေဟာ ဧပြီ ၇ ရက်က နေပြည်တော်တပ်မတော်လေဆိပ်ကို အသီးသီး ရောက်ရှိလာကြပါ တယ်။ဧပြီ ၇ ရက် မနက် ၈ နာရီ ၁၅ မိနစ်အချိန်က Malaysia Air Force က Airbus A400M လေယာဉ်နဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင် ၁၃ ယောက်အပါအဝင် ကယ်ဆယ်ရေးပစ္စည်း၊ အသုံးအဆောင်ပစ္စည်း၊ စောင်၊ အစားအသောက် စုစုပေါင်း အလေးချိန် ၁၀၈၈၈ ကီလိုဂရမ် တင်ဆောင်ပြီး နေပြည်တော်တပ်မတော်လေဆိပ်ကို ရောက်ရှိလာပါတယ်။

အဲဒီနောက် မနက် ၈ နာရီ ၃၄ မိနစ်အချိန်မှာ Malaysia Air Force က Airbus A400M လေယာဉ်နဲ့ ကယ်ဆယ် ရေးအဖွဲ့ဝင် ၁၃ ယောက်အပါအဝင် ကယ်ဆယ်ရေးပစ္စည်း၊ အသုံးအဆောင်ပစ္စည်း၊ စောင်၊ စားစရာ၊ မီးဖိုချောင်သုံး ပစ္စည်း စုစုပေါင်းအလေးချိန် ၈၂၁၂ ကီလိုဂရမ်တင်ဆောင်ပြီး နေပြည်တော်ရှိတပ်မတော်လေဆိပ်ကို ရောက်ရှိလာ ပြီး မနက် ၁၁ နာရီခွဲမှာ MAI လေကြောင်းလိုင်းကလေယာဉ်နဲ့ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းအလေးချိန် ၁၅၂၅၀ ကီလိုဂရမ်တင်ဆောင်ပြီး နေပြည်တော်တပ်မတော်လေဆိပ်ကို ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံက ရောက်ရှိလာတဲ့ ကယ်ဆယ်ရေးနဲ့အကူအညီပစ္စည်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေးက လွှဲပြောင်းလက်ခံရယူခဲ့ပါတယ်။ညနေ ၆ နာရီခွဲအချိန်မှာတော့ ဘယ်လာရုစ်နိုင်ငံ Ministry of Emergency Situation ဝန်ကြီးဌာနက ဒုတိယ ဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေနဲ့အတူ နေပြည်တော် တပ်မတော်လေဆိပ်ကို ရောက်ရှိလာပြီး အကူအညီပစ္စည်းတွေကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတွေက လွှဲပြောင်းလက်ခံရယူခဲ့တယ်လို့ သိရပါတယ်။