မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ စစ်ကိုင်းမြို၊ မရှိခဏစေတီတော်မှာ ရှင်းလင်းရေးဆောင်ရွက်ချိန် တွေ့ရှိခဲ့တဲ့ လက်ဝတ်ရတနာတွေနဲ့ ရွှေတွေကို သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်နဲ့ ဘုရားဂေါပကအဖွဲကို လွှဲပြောင်းအပ်နှံခဲ့တယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက ထုတ်ပြန်ပါတယ်။

ဧပြီ၂၆ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီးက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေ မရှိခဏစေတီတော်မှာ ရှင်းလင်းရေးဆောင်ရွက်ချိန် စေတီတော်ရဲ့စိန်ဖူးတော်၊ ငှက်မြတ်နားတော်တိုမှာလှူဒါန်းထားတဲ့ လက်ဝတ်ရတနာ ၃၄မျိုးနဲ့ ရွှေ၃ကျပ်သားတိုကို တွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်နဲ့ ဘုရားဂေါပကအဖွဲကို လွှဲပြောင်းအပ်နှံခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးဆောင်ရွက်ချိန် တွေ့ရှိရတဲ့ လက်ဝတ်ရတနာတွေ၊ ငွေသားတွေ၊ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေ၊ အရေးကြီးစာရွက်စာတမ်းတွေကို ပိုင်ရှင်တွေ၊ သက်ဆိုင်သူတွေကို စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးနေတာဖြစ်ပါတယ်။