မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားကြီးရဲ့ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်က စတင်ကျင်းပနေတယ်လို့ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ကနေ သိရပါတယ်။

မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်ကနေ ဧပြီလ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက် အပါအဝင် စုစုပေါင်း ၇၅ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ပွဲတော်ကိုလာရောက်တဲ့ ခရီးသွားပြည်သူတွေ အတွက် တည်းခိုနားနေနိုင်စေဖို့ တည်းခိုဆောင် အခန်းပေါင်း ၃၀၀ ကျော်နဲ့ ဈေးဆိုင်ခန်းပေါင်း ၃၅၀ ကိုလည်း ထည့်သွင်းဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။

မန်းရွှေစက်တော်ဘုရားကြီးဟာ မြန်မာနိုင်ငံရဲ့ (က)အဆင့် စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ရက်အရှည်ကြာဆုံး ဘုရားပွဲတော်ကြီးတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။