မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်အဆင်းမှာ ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းက ဘုရားဖူးကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် လူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်၊၊

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၈ ရက်၊ နေ့လယ် ၂ နာရီခွဲအချိန်လောက်က မန္တလေးတောင်ကနေ ဘုရားဖူးပြီး ပြန်ဆင်းလာတဲ့ Light Truck ယာဉ်အမျိုးအစား ဘုရားဖူးယာဉ်ဟာ အဆင်း လမ်းမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်၊၊အခင်းဖြစ်နေရာကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ် ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပါတယ်၊၊

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေ ကိုလည်း နန်းတော်ရှေ့ လူမှုကူညီရေးအသင်းနဲ့ နှလုံးလှ လူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊ဒါ့အပြင် ဇန်နဝါရီလ ၇ ရက် ညနေပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ၊ မင်္ဂလာဒုံပန်းခြံအနီး၊ ခရေပင်လမ်းမပေါ်မှာ Light Truck ယာဥ် ၁ စီး အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ကို တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါလာတဲ့သူ ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။