ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ လ.၀.ကဝန်ထမ်းတွေ တွဲဖက်တာဝန်ထမ်းဆောင်ပြီး မှတ်ပုံတင် အသစ်ထုတ်ပေးတာ၊ အသက်၁၈ နှစ်ပြည့်မှတ်ပုံတင်လဲလှယ်ပေးတာတွေ အပါအဝင် လုပ်ငန်းစဥ် ၄ မျိုးကို ဆောင်ရွက်ပေးသွားမယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်ရွက်ပေးသွားမယ့် လုပ်ငန်းစဉ် ၄ မျိုးကတော့ မိဘရဲ့အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ၆၆/၆)နဲ့ နိုင်ငံသား ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂)မှာ သားသမီးအမည်စာရင်းထည့်သွင်းတာ၊ (ပုံစံ၆၆/၆) ရှိပေမယ့်လည်း ကိုင်ဆောင် လက်မှတ်မရှိတဲ့ အခွန်ထမ်းမိသားစုဝင်တွေကို အသက်(၁၀)နှစ်ပြည့်နဲ့ အသက်(၁၈) နှစ်ပြည့် ကိုင်ဆောင် လက် မှတ်တွေ ဥပဒေနဲ့အညီထုတ်ပေးတာ၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကနေ အသက်(၁၈)နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ထုတ်ပေးတာ၊ အခွန်ထမ်းနိုင်ငံသားတွေနဲ့ မိသားစုဝင်တွေ ကိုင်ဆောင် လက်မှတ် ပျက်စီး/ပျောက်ဆုံး/ဟောင်းနွမ်းရင် e-ID စနစ်နဲ့ စစ်ဆေးပြီး မိတ္တူထုတ်ပေးတာတွေ ဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလုပ်ငန်းစဉ်တစ်မျိုးချင်းစီအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေမှာ ဖြည့်စွက်ဖို့ ပြင်ဆင်ရမယ့် အချက်အ လက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ လ.ဝ.က ဝန်ထမ်းတွေက မြန်မာသံရုံးမှာ ၆ လ ကြာ တွဲဖက်တာဝန်ထမ်းဆောင်ပြီး ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် အခွင့်အရေးကို လက်လွတ်မခံကြဖို့ ကိုလည်း ထုတ်ပြန်ထားပါတယ်။