ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းမှာ ပုဂံခေတ်မူလရေလမ်းကြောင်းတွေ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းတဲ့ လုပ်ငန်း ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ပုဂံမြို့ဟောင်း သရပါတံခါးကို ခေတ္တပိတ်ထားမယ်လို့ ပုဂံရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက သိရပါတယ်။

မူလရေလမ်းကြောင်းတွေ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းတဲ့လုပ်ငန်းကို ဖေဖော်ဝါရီလ ပထမပတ်ကစကာ ဆောင် ရွက်နေတာဖြစ်ပြီးကျုံးကနေ ဧရာ၀တီမြစ်အထိ စီးဆင်းရေလမ်းကြောင်းမှာရှိတဲ့ ကျုံးဧရိယာကို ရေစီးဆင်းမှု ကောင်းစေဖို့ ဆောင်ရွက်တာနဲ့ လိုအပ်တဲ့နေရာတွေမှာ ရေပြွန်တွေ ပြုလုပ်တဲ့လုပ်ငန်းတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း လမ်းအသုံးပြုတာကို ယာယီပိတ်ထားမှာဖြစ်ပြီး တခြားဖွင့်ထားတဲ့ လမ်းတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဦးမောင်မောင်နန်းနွယ်က အခုလို ပြောပါတယ်။

ရေလမ်းကြောင်းတွေပြန်လည်ဖော်ထုတ်ထိန်းသိမ်းတဲ့လုပ်ငန်းကို မတ်လစတုတ္တပတ်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ အဓွန့်ရှည်တည်တံ့စေရေး၊ ပုဂံဒေသအတွင်း ရေကြီးရေဝပ်မှုတွေ လျော့ချနိုင်ရေးနဲ့ ရေစီးရေလာ ကောင်းမွန်စေဖို့ ရည်ရွယ်လုပ်ဆောင်ရတာ ဖြစ်တယ်လို့ သိရပါတယ်။